ပင်းတယ ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပုံတူပန်းချီပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်၊ ကျောင်းသား/သူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည်အပေါ် စွန့်လွှတ်၊ စွန့်စား ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ပုံများအား ကျောင်းသားလူငယ်များ သိရှိစေရန် ပြောကြားပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံအား ပုံတူရေးဆွဲစေပြီး၊ ဆုရရှိသူအား ဂုဏ်ပြုဆုငွေနှင့်ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယ(ပြန်/ဆက်)