ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး ပဲခင်းမြောင်းမှ ရေကျအဆောက်အအုံ(၁)ခုအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

ကျောက်ဆည်  ဇူလိုင်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး ပဲခင်းမြောင်းမှ ရေကျအဆောက်အအုံ (၁)ခု ပြန်လည်ပြုပြင်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် ပဲခင်းမြောင်း၏ ပေတိုင်အမှတ် အာဒီ(၆+၅၇၅)တွင်တည်ရှိပြီး ရေကျအဆောက်အအုံအထက်ပိုင်းနှင့် အောက်ပိုင်းကြမ်းခင်းများ၊ ကျောက်ဆံလံများ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးရန် လျာထားဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရေကျအဆောက်အအုံ၏ ရေကျအမြင့်မှာ (၆)ပေ၊(၉)လက်မဖြစ်ပြီး ပြန်လည်ပြုပြင်ပါက ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ်(၁၅)သန်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း ရေကျအဆောက်အအုံ  ပြုပြင်ဆောင်ရွက်ပြီးပါက နောင်ခမ်း ရေသောက် စနစ်၊ ပဲခင်းမြောင်းမှ ရေပေးဝေနေသည့် သီးနှံမျိုးစုံစိုက်ပျိုးဧက(၂၂၆)ဧကအတွက် ရေများပေးဝေရာတွင် ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏ ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)