ဇေယျာသီရိ ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းဆင်းပွဲတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်မှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားပြီး အဆင့်မြင့်အပ်ချုပ်သင်တန်းတွင် သင်တန်းနည်းပြ ဒေါ်စိုးစိုးမှ ဇယားကွက်ဖြင့် လေ့ကျင့်ခြင်း၊ ရှပ်အင်္ကျီလေ့ကျင့်သင်ကြားခြင်း၊ ကုတ်အင်္ကျီလေ့ကျင့်သင်ကြားခြင်း၊ နောက်ကွဲရင်ဖြတ်ဆက် အင်္ကျီ၊ သုံးလွှာစကပ်နှင့် လေးလွှာစကပ်ချုပ်နည်းများ သင်ကြားပို့ချခဲ့ကြောင်း သိရသည်၊။
မြို့နယ်(ပြန်/ဆက်)