ဥတ္တရသီရိ ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ ပူးပေါင်း၍ ကျား/မအခြေပြု အကြမ်းဖက်မှုအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားရာတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူမှုစီးပွားဆိုင်ရာအကြမ်းဖက်မှုစသည့် ဖြစ်စဉ်များကာကွယ်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ပြီး စိတ်ဓာတ်ခွန်အားပေးမှုများ၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ၊ လူမှုဆိုင်ရာထောက်ပံ့ပေးမှုများကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)