ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း၊ ဆောင်ရွက်

ပင်းတယ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက် ငှားရမ်းပေးခဲ့သည်။

ယင်းသို့ စာအုပ်၊စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ ပင်းတယမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးနှင့် ဝန်ထမ်းများက မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် သုတ၊ ရသ စာအုပ်၊စာစောင်များအား အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို တစ်လနှစ်ကြိမ်၊ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)