ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဒလ ဇူလိုင် ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို  မြို့နယ်ကျန်းမာရေးမှူး  ဦးဝင်းနိုင် ဦးဆောင်သော ကျန်းမားရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ကွင်ဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ  ဇူလိုင်လ ၁၀ ရက်နေ့က ဒလမြို့နယ်အတွင်းရှိ အ. .က () ဓနုတ်တွင်  ကျောင်းသား၊ ကျောင်းသူ (၁၅၄)ဦး၊ အ..က ()ဓနုတ်တွင် ကျောင်းသား၊ ကျောင်းသူ (၇၆)ဦး၊   စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  (၂၃၀) ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိသောကျောင်းများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာဝင်း ( IPRD)