သိန္နီ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ကြောင်း၊ မည်သို့ကျဆုံးခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရန်အတွက် မျိုးချစ်ခေါင်းဆောင်များ ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်သွေးချွေးများစွာရင်းနှီး၍ ကြိုးစားခဲ့ရပုံ၊ တိုင်းရင်းသားများ နေရာအသီးသီးတွင် ရရာလက်နက်စွဲကိုင်ကာ တော်လှန်ခဲ့ကြပုံ၊ တန်ဖိုးကြီးလှသော လွတ်လပ်ခြင်း၏ အနှစ်သာရကို ခံစားနေရပြီဖြစ်၍ တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်အာဇာနည်နေ့ကို မမေ့သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)