နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်

နမ့်စန်() ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေးဟောပြောခဲ့ ပြီး စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းက အသိပညာပေးပုံပြင်များ ပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် ဆေးရောင်ခြယ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)