မိုင်းခတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်း၍ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃ နာရီခွဲအချိန်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲမစတင် ခင်သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများအား မှိုင်းအသိပညာပေးခြင်း၊ အခြေခံပတ်တီးစည်းနည်းနှင့် သတိမေ့လူနာအားအသက်ရှူ လေကူနည်းများကို လက်တွေ့သရုပ်ပြသင်ကြားပေးပြီး အရေးပေါ်သုံးဆေးအိတ်၊ BFA စာအုပ်၊ Covid 19 Prevention Kit၊ MRE ဗလာစာအုပ်၊ MRE အသိပညာပေး ကာတွန်းစာအုပ်များအား ပေးအပ်၍ သင်တန်းဆင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
အဆိုပါ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ဇူလိုင် ၈ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)