မိုင်းခတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူးဒေါ်နန်းနွယ်နီအောင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် စာပေဖတ်ရှု လေ့လားခြင်းဖြင့် ရရှိလာနိုင်သောအကျိုး ကျေးဇူးများစသည့် အကြောင်း အရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော လူငယ်များက မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center ) ခန်းမတွင် ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ အမှတ်တရပုံတူပန်းချီများကို စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)