မန်တုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး TalkShow ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်အတွက် ရေးဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ ရေးကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များအားလည်းကောင်း၊ ဒုတိယဦးစီးမှုး ဒေါ်လွေးအေးတင်က သဘာဝဘေးအန္တရာယ်ဆိုးများကြောင့် ဖြစ်ပွားရာနေရာရှိ လူအများစားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်းအရေးမှ အစအရာရာ ထိခိုက်ဆုံးရှုံးရပါကြောင်း၊ အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသကဲ့သို့ အသက်ရှင်ကျန်ရစ်သူတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိမှု၊ စိတ်ထိခိုက်ရမှု၊ ကူးစက်ရောဂါများဖြစ်ပွားမှု အပါအဝင် ကြီးမားသောဒုက္ခမျိုးစုံကို ခံစားရင်ဆိုင်ကြရပါကြောင်းနှင့် အချိန်တိုအတွင်းဖြစ်ပွားသော ဘေးအန္တရာယ်ဆိုး၊ မတိုမရှည်ကာလအတွင်း ဖြစ်ပွားသောဘေးအန္တရာယ်ဆိုး၊ ရေရှည်ဖြစ်သောဘေးအန္တရာယ်ဆိုးများ အစရှိသည်များကို ဗဟုသုတရဖွယ် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)