မဘိမ်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းစိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြောင်းသိကောင်းစရာများ၊ အာဇာနည်ရဲ့အဓိပ္ပာယ်၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်ရဲ့အမှာစကား စသည့်အကြောင်းအရာများကို မျိုးဆက်သစ်လူငယ်များ သိရှိနိုင်စေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)