ဝမ်းတွင်း ဇူလှိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၈) နာရီအချိန်မှ စတင်ကာ မြို့နယ်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရာတွင် ရေဘေး၊ လေဘေးအစရှိသည့် သဘာဝဘေးများ ကျရောက်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးများ ကူညီဆောင်ရွက်နိုင်ခြင်း၊ ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ခြင်း၊ အဆောက်အဦးများအတွင်း ရောက်ရှိနေသူများအား ရှာဖွေကယ်ဆယ်ခြင်းများကို စက်ကိရိယာနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုကာ ကူညီဆောင်ရွက်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ခေါင်းဆောင်၍ မြို့နယ်မီးသတ်စခန်း၊ မေခလာမီးသတ်စခန်း၊ လျော်ပင်မီးသတ်စခန်းတို့မှ အရာရှိများနှင့် သန္ဓေတပ်ဖွဲ့ဝင် (၂၅) ဦးတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)