ပေါင် ဇူလိုင် ၁၀
ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ငွေကျပ်(၅၄)သိန်းဖြင့် ဆောင်ရွက်လျက် ရှိသော သံဖြူချောင်း၊ လက်ပံတောရွာချင်းဆက်လမ်းအား ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၅၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော သဲဖြူချောင်း-လက်ပံတော ရွာချင်းဆက် လမ်းပေါ်ရှိ အမှတ်(၁)သံကူကွန်ကရစ်တံတား ဆောက်လုပ်နေမှုနှင့် ဒေသခံပြည်သူများ သွားလာရလွယ်ကူစေရေး ယာယီလမ်းလွှဲဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်မလေး