မိုင်းကိုင်မြို့နယ်၌ (၇၅)မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မိုင်းကိုင်  ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ထက်/လယ်/မူ  ကျောင်းသားကျောင်းသူများ၏  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို  ယမန်နေ့နေ့လည်က  အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုင်)၌  ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်အဆင့် ထက်/လယ်/မူ  စာစီစာကုံးပြိုင်ပွဲတွင်  “ဇူလိုင် ၁၉ မျက်ရည်မိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ထက်/လယ်/မူ ကဗျာပြိုင်ပွဲတွင်“၁၉ ဇူလိုင် မမေ့နိုင်” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အခြေခံပညာကျောင်းပေါင်း ၈ ကျောင်းမှ လက်ရွေးစင်  ကျောင်းသား၊ ကျောင်းသူ ၄၇ ဦး  တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့  မြို့နယ်ပညာရေးမှူး  ဦးခင်မောင်ကို၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်