ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်း၊ ပူးပေါင်းဆောင်ရွက်

ပင်းတယ ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့၌ သွေးလွန်တုပ်ကွေး ရောဂါ၊ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း၊ တအိမ် တက်/ဆင်း  ကွင်းဆင်းဆောင်ရွက် အသိပညာပေးခြင်းအား ယနေ့နံနက် ၉ နာရီက ဆောင်ရွက် ခဲ့ကြသည်။

ယခုကာလ မိုးရာသီတွင်ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အိမ်အနီးပတ်ဝန်းကျင်ရှိ အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊  ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းထားကြရန်၊  ခြင်ကျားပေါက်ပွားနိုင်သည့် ပိုးလောက်လန်း နှိမ်နင်းခြင်း လုပ်ငန်းများ အလေးထားလုပ်ဆောင်ကြရန်၊ ခြင်ပေါက်ဖွားမှုမရှိစေရေး သုံးရေ၊ ကန်ရေများအား အဘိတ်ဆေးခတ်ခြင်း၊ သက်မှတ်ရက်များအလိုက် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ကြစေလိုကြောင်းနှင့် ကျန်းမာရေးဌာနနှင့်အတူဌာနဆိုင်ရာများ၊ မိဘပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌမှ အနီးကပ်ကြီးကြပ်ပြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင်း သိရသည်။

အေးအေးလတ်