မိုင်းယန်း ဇူလိုင် ၁၀
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်တုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာမြောက်ဘက် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း ပြည်ထောင်စုလမ်းမကြီးဘေးတွင် ယနေ့နံနက် ၉ နာရီက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မိုင်းခတ် စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး ရာဇာထွန်း၊ အမှတ်(၂၈၁)နှင့် (၂၇၉)ခြေလျင်တပ်ရင်းတို့မှ တပ်ရင်းမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်သော အင်အား(၁၀၀)ဦးခန့်တို့က မယ်ဇလီ(၂၇၅)ပင်နှင့် မန်ဂျာရှား(၂၇၅)ပင်၊ စုစုပေါင်းပျိုးပင်ပေါင်း (၅၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခွန်ရဲထွေး