မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယန်း ဇူလိုင်  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မိတ်ဆက်ခြင်းနှင့် အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့က မိတ်ဆက်ခြင်းများ ဆောင်ရွက်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မိုင်းယန်းမြို့နယ်အား ခရိုင်အဆင့် တိုးမြှင့် ဖွဲ့စည်းပြီဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ညှိနှိုင်း ပေါင်းစပ်ကာ လုပ်ငန်းများ လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ဖြင့် အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက တင်ပြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး