ကွမ်းခြံကုန်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယမန်နေ့က ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (၁) ဗိုလ်ကြီး သီဟန်ထွန်းက လုံခြုံအသိ၊ လုံခြုံရေးသတိ ထားရန်လိုကြောင်း၊ စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့် စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်သွားရန် အခြေခံပညာကျောင်းများ သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ သက်ဆိုင်ရာဌာနဆိုင်ရာများမှ စုပေါင်း ဆောင်ရွက်ကြရန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၂)ဦးရဲတင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင်တာဝန်ယူထားသည့် လိုအပ်သည့်ကိစွများတွင် ပူပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား ဆွေးနွေးသွားကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများက ဌာနအလိုက် မိမိဆောင်ရွက် ချက်များအား ဆွေးနွေးသွားကြောင်း သိရသည်။
ဆွေနွယ်