ပင်လုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)မှ ၂၀၂၁-၂၀၂၂ ညာသင်နှစ်တက္ကသိုလ်ဝင်တန်းထူးချွန် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်က အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချီးမြှင့်သော ချီးကျူးဂုဏ်ပြု လွှာများကို ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူးမှ နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းအား ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉)ဦးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို အောင်မြင်သူ (၁၇)ဦးတို့ကို မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ များ၊ အသင်းအဖွဲ့များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား/သူများကိုယ်စား ကျောင်းသား(၁)ဦးမှ ကျေးဇူး တင်စကားပြောကြားပေးပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လုံ) မှ ကျောင်းအုပ် ဆရာကြီးဦးသိန်းထွန်းက နိဂုံးချုပ်အမှာစကား ပြော ကြား၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်လုံ)အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား(၂၉)ဦး၊ ကျောင်းသူ(၁၇)ဦး စုစု ပေါင်း (၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ(၁၃)ဦး စုစုပေါင်း (၃၀)ဦး ရာခိုင်နှုန်းမှာ (၆၅.၂၂%) ဖြင့် အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နှစ်သိမ့်ဆုရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)