နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဝါဆိုလပြည့် ဓမ္ဓစကြာအခါတော်နေ့ Talk Show ဆောင်ရွက်

နောင်ချို ဇူလိုင် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)‌ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လုံးဆိုင်ရာ သံသရာအေးစေတီ ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ဝါဆိုလပြည့် ဓမ္ဓစကြာအခါတော်နေ့ Talk Showဆွေးနွေးပွဲကို ဇူလိုင်လ ၈ရက်နေ့ နေ့လယ်ပိုင်းက‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Showဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး နောင်ချို မြို့နယ်လုံးဆိုင်ရာ သံသရာအေးစေတီဂေါပက ဦးတင်မင်က ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့       ကျင်းပရခြင်းအကြောင်း၊ ဝါဆိုလပြည့်နေ့၏ ထူးခြားချက် ဝိသေသဂုဏ်ထူးများ၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၏ ဂုဏ်ကျေးဇူးကိုပူဇော်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး Talk Showဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Oline မှတဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊ပြန်/ဆက်