မိုးသည်းထန်မှုကြောင့် မြို့တွင်းလမ်းများရေကျော်၊ အမှိုက်စုပုံခြင်းများဖြစ်ပေါ်၍ ရှင်းလင်းဆောင်ရွက်

မိုင်းယောင်း ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မိုးသည်းထန်မှုကြောင့် မြို့တွင်းလမ်းများရေကျော်၍ အမှိုက်စုပုံခြင်းများဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ၊ မိုးရေများသည် အနိမ့်ပိုင်းနှင့် ချောင်းဘေးရှိ လမ်းမပေါ် ရေဖုံးလွမ်းခြင်းများ၊ အမှိုက်စုပုံခြင်းများ ဖြစ်ပေါ်ခဲ့ရာ လမ်းမပေါ် ရေကျော်ဝင်ရောက်မှု မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်သရိုက်များ ပိတ်ဆို့မှု မရှိစေရေးနှင့်ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း