တောင်သာ ဇူလိုင် ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ရခြင်းသည် အများပြည်သူများ အာဇာနည်နေ့ရောက်တိုင်း သတိယအောက်မေ့ဖွယ်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ထာဝစဉ် ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်၏ ပြောကြားချက်အရ သိရသည်။ ယင်းပြပွဲတွင် အာဇာနည်နေ့နှင့်သက်ဆိုင်သည့် စာအုပ်များ ခင်းကျင်းပြသထားခြင်း၊ အာဇာနည်နေ့နှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများ ပြသထားကြောင်း သိရသည်။
အဆိုပါ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးငွေ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)