ကျိုက်မရောမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှုလျာထားစိုက်ဧက (၅၁၁၀၁) ဧကလျာထားစိုက်ပျိုး

ကျိုက်မရော   ဇူလိုင် 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် စပါးများနှင့် ကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး‌မျှော်မှန်း၍ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှု လမ်းညွန်မှု တို့ဖြင့် ဇူလိုင်လ ၇ ရက်နေ့အထိ မြို့နယ်အတွင်းမိုးစပါး စိုက်ပျိုးနိုင်မှုလျာထား  ဧက (၅၁၁၀၁) ရှိပြီး ဇူလိုင်လ ၈ ရက်နေ့အထိ စိုက်ပျိုး ပြီးစီးမှုမှာ (၁၁၆၃၉) ဧကသာ စိုက်ပျိုးနိုင်ပြီး လျာထားဧက၏ (၂၂.၇၇) ရာခိုင်းနှုန်းစိုက်ပျိုးနိုင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၇) အုပ်စု၌ နှစ်စဉ် မိုးစပါး စိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် အတွင်းမိုးစပါးစိုက်ဧက (၅၁၁၀၁) ဧက စိုက်ပျိုးနိုင်ရန် လျာထားခဲ့ပြီး လက်ရှိအချိန်ထိ စိုက်ပျိုးမြေပြင်ဆင် စိုက်ပျိုးနိုင်မှုမှာ (၁၁၆၃၉) ဧကရှိကြောင်း ကျန်ရှိနေသည့် လယ်မြေများမှာ ရေနက်ကွင်းများဖြစ်သဖြင့် စက်တင်ဘာလမှ စတင်ကာရေကျ နောက်လိုက် စပါးမျိုးများကို ဧကပြည့်မီစွာအချိန်မီ စိုက်ပျိုးနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာနှင့် လိုအပ်သည့် အကူအညီများကို ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှတင်မောင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)