မိုင်းဆတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်က အမျိုးသမီးရေးရာ အဖွဲ့အကြောင်းနှင့် လူမှုရေးလုပ်ငန်းဆောင်ရွက်မှုများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်က အမျိုးသမီးများနှင့် သက်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းကာ အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်၊ အဖွဲ့ဝင် ဒေါ်ခင်ညွှန့်ဝေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်များက ငွေကျပ် (၄၀၁၀၀၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန် (၁၃)မျိုးနှင့် တီရှပ်အင်္ကျီများကို သင်တန်းသူများအတွက် ထောက်ပံ့ပေးအပ်ရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိစန်းက လက်ခံရယူခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်တို့က သင်တန်းသူများ၏ အထည်ချုပ်လုပ်နေမှု အခြေအနေများကြည့်ရှုပြီး သင်တန်းသူများအနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန်နှင့် သင်တန်းဆရာမများ သင်ကြားပေးသည့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)