(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ညောင်ရွှေ၌ ကျင်းပ

ညောင်ရွှေ ဇူလိုင် ၉

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက ဟဲယာရွာမ၊ အထက(ခွဲ) လွယ်ခေါ့၊ အထက(ခွဲ) အိုင်ထောင့်ကြီးနှင့် အထက(ခွဲ) အင်းတိန်ကုန်းတို့မှ ကျောင်းသား ကျောင်းသူများက အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။

နေမျိုးသူရိန်