ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဗန်းမော်မြို့တွင် သတ္တမအကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲတက်ရောက်ပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များတွေ့ဆုံ

ဗန်းမော်      ဇူလိုင်    

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ခရိုင်အဆင့်တာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၄၄) ကျောင်းမှ ဆရာတော်ကြီး များထံ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၏ သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “နမောတသ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်း၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် သက်အောင်ဇင်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ရတနာ (၃) ပါးနှင့်တကွ ဆရာတော်ကြီးများအား ကန်တော့ခြင်းနှင့် ဗန်းမော်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ “မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကေသဝဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်သည့် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော် များ ရွတ်ပွားချီးမြှင့်ပေးသည်။

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သက်အောင်ဇင်၊ ဗန်းမော် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ၊ဆန်၊ဆီများကို ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားတော်နှင့် ရေစက်ချတရားတော် ချီးမြှင့်ပေးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် မွန်းလွဲပိုင်းက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင်များတွေ့ဆုံပြီး ဝန်ကြီးက မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ဗန်းမော်ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကျော်သိန်းဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်ရှင် အဖွဲ့ဝင်များတို့က ဗန်းမော်ခရိုင်အတွင်း၌ သက်ဆိုင်ရာမြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်းနှင့် ရေးသွင်းပြီးစီးမှုအခြေအနေများ၊ ရွေးကောက်ပွဲ လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ လိုအပ်သည်များကို ဝန်ကြီးကပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)