ရွာငံ ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အခြေခံပညာအထက် တန်းကျောင်း၊ ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရွာငံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာအေးသန္တာနိုင်က သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနိုင်သောလက္ခဏာများ၊ အန္တရာယ်ဖြစ်နိုင်သည့်လက္ခဏာများ၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ခြင်မခိုအောင်း နိုင်ရန် အိမ်တွင်း/ ပြင် ရှင်းလင်းရေး၊ ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများကို ကျင်းတူးပြီး မြေမြှုပ်ရှင်းလင်းရေး စသည့်ခြင်ကျားပေါက်ပွားနိုင်သည့် ပိုးလောက်လန်းနှိမ်နင်းခြင်း လုပ်ငန်းများကို ဂရုပြုဆောင်ရွက်နိုင်ပါရန်၊ ခြင်ပေါက်ဖွားမှု မရှိရလေအောင် အဘိတ်ဆေး ခတ်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ရွာငံ (ပြန်/ဆက်)