ဗဟန်း ဇူလိုင် ၉
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်ခရိုင်မှူးက ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ဦးစီးအရာရှိဒေါ်စန္ဒာဌေးက အာဇာနည် (၉) ဦးအကြောင်းကို ဟောပြောပြီး စာရေးဆရာမ ပေါက်ပေါက်က ကြာသော်လည်းမမေ့အာဇာနည်အကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများအား အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။
စန္ဒာမိုး