မအီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မအီ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Grade 7 အဆင့်ရှိ ကျောင်းသား/ ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာ အားသန်ရာစာပေများကိုဖတ်ရှု၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ ကျောင်းပြင်ပဗဟုသုတ ပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရှိစေရန်၊ ညဏ်ပညာပိုမိုထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအမြင်များ ဖလှယ်တတ်စေရန်၊ လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလေးများ ဗလ(၅)တန်ဖြင့် ပြည့်စုံလာနိုင်စေရန် အတွက် အသိပညာဗဟုသုတများရရှိနိုင်မည့် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများက မိမိဖတ်ရှုထားသည့် စာအုပ်များ၏ အကြောင်းအရာများကို အချင်းချင်း ပြောကြား၍ အသိအမြင်အယူအဆများ ဖလှယ်ခဲ့ကြပြီး အဆိုပါစာဖတ်ဝိုင်းသို့ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အလယ်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀) ဦးခန့် ဝင်ရောက်ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)