သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းရယ် ဇူလိုင်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ဥပဒေ၊ ပညာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာသနာရေးနှင့်ယဥ်ကျေးမှု ဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာ‌ပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အတွင်းရေးမှူး ရဲမှူးညွှန့်လှိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးဝေဖြိုး၊ သာသနာတော်ထွန့်ကားပြန့်ပွားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ချမ်းကို၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက် ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးညွှန့်လှိုင်က ရာဇဝတ်မှုဆိုင်ရာ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးဝေဖြိုးက ဥပဒေနှင့်ပတ်သက်သော ရှုထောင့်များနှင့် ပတ်သက်၍လည်းကောင်း၊ ဆရာမ ဒေါ်မြသက်ခိုင်က သာသနာရေးနှင့်ယဥ်ကျေးမှုဆိုင်ရာများကိုလည်းကောင်း၊ ဆရာ ဦးမောင်နုက ကျောင်းသား/သူ များ ယဉ်ကျေးလိမ္မာ အသိပညာကိုလည်းကောင်း၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ချမ်းကိုက သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးတို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။

မိုင်းရယ် (ပြန်/ဆက်)