လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၈

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase-11) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက် (၉) နာရီမှ စတင်၍ အ--က(၁၁)နှင့် အ.မ.က(၂၃)တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ ကျောင်းကျန်းမာရေး ဆရာဝန်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး ဖြည့်ဆည်းဆောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အခြေခံပညာကျောင်း များတွင် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်းနှင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကျောင်း () ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ (၃၆၅) ဦးကို  မြို့နယ်တွင်းရှိ အခြေခံပညာ ကျောင်းများအရောက် ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်သာယာ (ပြန်/ဆက်)