ချမ်းမြသာစည်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီး

ချမ်းမြသာစည် ဇူလိုင် ၈

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူတို့အား ဒုတိယအကြိမ်၊ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အောင်သာယာ၊ အမှတ်(၃၆) အထကတွင် ယနေ့နံနက် (၉)နာရီအချိန်တွင် ထိုးနှံခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား (၂.၆.၂၀၂၂) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးနှံပေးခဲ့ရာ (၈.၇.၂၀၂၂)ရက်နေ့တွင် ကျောင်းများအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခင်စိမ်းဝင်း (မြို့နယ်၊ပြန်/ဆက်)