နမ့်စန်တွင် ကျောင်းသားကျောင်းသူများကို အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြော၍ နံရံကပ်စာစောင်များပြသ

နမ့်စန်() ဇူလိုင်   ၈

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက် ၁၀နာရီ က မက်မွန်မုန်း ကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အာဇာနည်နေ့၊ အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်းနှင့်  အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစောင် များပြသပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး စာဖတ်ဝိုင်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)