လှည်းကူးမြို့နယ်၊ တောင်တလုတ်ရေကျော်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

လှည်းကူး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီအသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက  လှည်းကူးမြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ တောင်တလုတ်ရေကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးဘသိန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးကသင်ကြာစပို့ချခဲ့သည့် ဘာသာရပ်များအပေါ် လက်တွေ့အသုံးချ၍ တစ်ပိုင်တစ်နိုင်အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန်‌ရှင်းလင်း ပြောကြားကာမြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာ လက်ထောက် ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက တစ်ပိုင်တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည်များ ပြုလုပ်နည်း အဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးပြီး သင်တန်းတွင် မလစ်ကျေးရွာအုပ်စု၊ တောင်တလုတ်ရေကျော် ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၄)ရက်မှ (၈)ရက် နေ့အထိ (၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)