ရွာငံ ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အ.ထ.က ကေျာင်း၊ မဂ်လာကေျာင်းကြီး၊ မြို့မရဲစခန်း၊ မြို့ကုန်းရပ်ကွက်နှင့် စေျးတန်းရပ်ကွက်အတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့လူနေအိမ်များသို့ ဆေးမှုတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးမှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများက သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် အ.ထ.ကကေျာင်း၊ မင်္ဂလာကေျာင်းကြီး၊ မြို့မရဲစခန်း၊ မြို့ကုန်းရပ်ကွက်နှင့် စေျးတန်းရပ်ကွက်အတွင်းရှိလူနေအိမ်များအားဆေးမှုတ် ခြင်းလုပ်ငန်းများအပြင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ရွာငံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် လူနာ(၈)ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ပြည့်ဖြိုးသန့်