မတ္တရာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဲကောကျေးရွာအုပ်စု သီလကုန်းကျေးရွာတွင် ယနေ့နံနက် ၁၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်ပြင်သည့်လုပ်ငန်း လုပ်ကိုင်သူ၏ နေအိမ်ရှိ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ခြေတံရှည်နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်၍ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲခန့် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး လျှစ်စစ်မီးပေါ့ဆစွာ သုံးစွဲသူအား မတ္တရာမြို့မ ရဲစခန်း အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)