ရွှေပြည်သာ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာယနေ့နံနက်(၁၀)နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အာဇာနည်နေ့ အကြို(Talk Show)ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး ဦးချိုဝင်းချိုပန်းချီ(ပညာရေး)တို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း