ကျောက်တံတားမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

ကျောက်တံတား ဇူလိုင် ၈

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ကျောက်တံတားမြို့နယ် ဦးစီးအရာရှိ ဒေါ်ရွှေဇင်ခိုင်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က အာဇာ‌နည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်၏ စိတ်ဓာတ်အကြောင်း၊ အာဇာနည်၏ အဓိပ္ပာယ်အကြောင်း၊ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းထဲမှအကြောင်းအရာနှင့် အမှာစကားများအကြောင်း၊ လွပ်လပ်တဲ့မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ ကာကွယ်စောင့်ရှောက်ရာတွင် လူငယ်များ၏တာဝန်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show အစီအစဉ်ကို ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီစာကြည့်တိုက် facebook page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်