ဟိုပန် ဇူလိုင် ၈
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၈) အထက် ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီဝင်များ နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံနှင့် နောင်မို ကျေးရွာစုရပ်နေရာများသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ယခင် နှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသော ပြည်သူ(၈၉)ဦး နှင့် နိုင်ငံ့ဝန်ထမ်း(၃၂) ဦး စုစုပေါင်း(၁၂၁)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိသူများအား သက်ဆိုင်ရာစုရပ် အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)