လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြသပွဲကျင်းပ

မိုင်းယန်း ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၂ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌  ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်ထိမ်းသိန်းကြရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်း အကျဉ်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်းခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်တွင် ပါဝင်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သော မှတ်တမ်းဓာတ်ပုံများနှင့် အားဇာနည်ခေါင်းဆောင်ကြီးများ၏ အထုပ္ပတ္တိအကျဉ်း စသည့်မှတ်တမ်းဓာတ်ပုံများကို အသိပညာပေးပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး