မိတ္ထီလာမြို့နယ်တွင် စာဖတ်ဝိုင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာဖတ်ဝိုင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(နေပြည်တော်)မှ ကျင်းပသည့် ပုံပြောပြိုင်ပွဲတွင် မိတ္ထီလာခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေ၊ ပြိုင်ပွဲတွင် ဆုရရှိသည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ပုံပြောပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၁)ရရှိသည့် အ.လ.က-လေ့ကျင့်ရေးကျောင်းမှ(Grade-9)ကျောင်းသူ မနှင်းအိ​​န္ဒြေဝင်း ကိုယ်စား ကျောင်းသူမိခင်အား ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နာယကစာရေးဆရာ ဘိုမျိုး (ရွှေဘို)က အရိန္ဒမာသစ္စာခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ကိုသစ္စာက အရိမန္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက ကိုယ်ကျင့်တရားနှင့် စာရိတ္တ၊ စကားပြောအတက်ပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီး  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)မှ  အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများမှ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)