မိုင်းခတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်းအကြောင်း၊ဒေါက်တာလွင်သန့် ရေးသားသော မျောက်ကျောက်ရောဂါအဖြေရှာမှ မျောက်ကျောက်ရော ဂါစတင်တွေ့ရှိမှုနှင့် ရောဂါလက္ခဏာများအကြောင်းကို ဆွေးနွေးပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က မျောက်ကျောက်ရောဂါလက္ခဏာရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက ကာကွယ်ရမည့်နည်းလမ်းများနှင့် မိဘများအနေဖြင့် ကလေးများအား အသက်၉လမှ ၁၈လတွင် ဝက်သက်ကာကွယ်ဆေးများ ထိုးနှံပေးသင့်ကြောင်း စသည်တို့ကို အကျယ်တဝံ့ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက်Online မှတဆင့်စဉ်ဆက်မပြတ်ထုတ်လွှင့်ပြသပေးလျက်ရှိရာသိရှိလိုသည်များအား We Love Mong khat Facebook Page တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြို့နယ်