မတ္တရာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မတ္တရာ)တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉နာရီက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ သစ်ပင်တစ်ပင်စိုက်ပျိုးတက်ပြီး ရှင်သန်ကြီးထွားလာအောင်ပြုစုတက်ရန်၊ သစ်ပင်၊ ပန်းပင်၊ ပန်းခြံများသန့်ရှင်းသာယာလှပတင့်တယ်စေရန်၊ ဆရာ၊ ဆရာမများ၏ တာဝန်ယူတတ်မှုကို ပေါ်လွင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာစေရန် ရည်ရွယ်၍ အရိပ်ရပင်၊ လေကာပင်၊ အလှပန်းပင်နှင့် ရတနာတန်းဝင် အပင် စုစုပေါင်း ၁၅၀၀ပင်ကို ကျောင်းဝန်းအတွင်း၌ ကျောင်းကောင်စီအသင်း(၅) အသင်းအလိုက် သတ်မှတ်နေရာများတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ စိုက်ပျိုးခြင်း၊ ပန်းခြံများအတွင်း ပေါင်းမြက်များ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးသော သစ်ပင်၊ ပန်းပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)