မြစ်သားမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မြစ်သား ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား  နေ့ထူးနေ့မြတ်များတွင် တစ်နေ့ အပါအဝင်ဖြစ်သည့် အာဇာနည်နေ့အကြောင်းကို ဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားစေရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းက  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့မအနောက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက" အောင်ဆန်း ဇာနည်" ကဗျာခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ပုံပြင်ခေါင်းစဉ်(၃)ခုအားမဲနှိုက်၍ ပြိုင်ပွဲဝင်များမှ အသီးသီး ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။   

သီတာအောင်(မြစ်သား)