စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား၊ကျောင်းသူ များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဖုန်းနိုင်က ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များ တွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ပြောကြားသည်။

ထို့နောက် မြို့မအခြေခံပညာအထက်တန်းကျောင်း Grade-6 ကျောင်းသားမောင်ဖုန်းခန့်မှ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ မေ(၁)ထုတ် ဒို့ကျေးရွာ ဂျာနယ် အတွဲ(၁၉)၊အမှတ်(၁၀)မှ လရွာသားဖိုးမောင်ရေးသားသည့်"ပညာနှင့်တူသော အလင်း ရောင်"ဆောင်းပါးကို ဖတ်ရှုရာ ကျောင်းသား၊ကျောင်းသူများမှ တစ်ဦးချင်းပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)