ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် ဇူလိုင်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား /ကျောင်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ခေါင်းဆောင်မည့်လူများဖြစ်သည့်အတွက် စည်းကမ်းသည်လူ၏တန်းဘိုး ဆိုသည့် အတိုင်း စည်းကမ်းရှိစွာ ကျောင်းစာများကို အလေးထားသင်ယူသွားကြရန်နှင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းမပြုလုပ်ကြရန်၊ အရက်သေစာများမသောက်ကြရန်၊ မူယစ်ဆေးဝါးသုံးစွဲသူဘဝ မရောက်ကျရန်အတွက် မည်သည့်မူးယစ်ဆေးဝါးကိုမျှ စမ်းသပ်သုံးစွဲလိုသည့် သဘောနှင့် မသုံးစွဲကြရန် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ဆိုးလွယ်ခြင်း၊ အလန့် တကြားဖြစ်ခြင်း၊ အသက်ရှုမြန်ခြင်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန် တိုးလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အစဉ်အလာမဟုတ်သောမူမမှန်ဖြစ်ခြင်းဖြင့် တစ်ခါတစ်ရံ အလွန်ကြမ်းတမ်းစွာ ပြုမူတတ်ခြင်း၊ ပြင်းထန်စွာအကြောတတ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အတွင်း သွေးယို ခြင်း၊ အသည်းပျက်စီးခြင်း၊ ရူးသွပ်ခြင်း၊ ရုတ်တရက် သေဆုံးခြင်းများဖြစ်ပွားနိုင်သောကြောင့် မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ် ရှိသည့်အတွက် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာကွယ်ကြစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)