တာလေ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ကျိုင်းတုံ(ရုံးခွဲ)မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၇ ရက်နေ့တွင် တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့်အဖွဲ့သည် တာလေမြို့စည်ပင်သာယာရေးဌာန၏ ရုံးတွင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မှတ်ပုံတင်မှတ်တမ်းစာအုပ်များ၊ အမှုတွဲများမှတ်တမ်းထားရှိမှုများနှင့် ဝန်ထမ်းအိမ်ယာ၊ မော်တော်ယာဉ်၊ ပျိုးဥယာဉ်၊ ရေစုကန်နှင့် မိုင်းလင်းစျေးတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလအတွင်း စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့် မြေပြင်လုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးထံမှ သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)