မဘိမ်း ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တိုက်ကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(မ-၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တွင် တိုက်ကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(မ-၂)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ၁၉၄၇ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦး၏အကြောင်း၊ လွတ်လပ်ရေးရရှိရန်အတွက် မျိုးချစ်ခေါင်းဆောင်များ ကိုယ် ကျိုးစွန့်အနစ်နာခံကာ အသက်သွေးချွေးများရင်းနှီး၍ ကြိုးစားခဲ့ရပုံများနှင့် တန်ဖိုးကြီးလှသော လွတ်လပ်ခြင်း၏အနှစ်သာရကို ခံစားနေရပြီးဖြစ်၍ တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်ပြီး အာဇာ နည်နေ့ကို မမေ့သင့်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အကြိုအဖြစ် နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)