မိုင်းငေါ့ ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းရှိ မြစိမ်းရောင်းခန့်မ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်သန္တာစိုးက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို ဟောပြောခဲ့ပြီး အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို အသေးစိတ်ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အထက်တန်း၊အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄၄) ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး၊ စာစီစာကုံးပြိုင်ပွဲ၊၊ကဗျာ၊ ဆောင်းပါး ရေးစပ်ပြိုင်ပွဲများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)